ပင်လည်ဘူး   ၇   မေ

 

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ်တွင် မေ ၆ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်က လေပြင်းတိုက်ခတ်၍ လူနေအိမ် ၇ လုံးနှင့် ဈေးဆိုင်အဆောက်အအုံတစ်ခု အမိုးလန်ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ပြီး လေပြင်းတိုက်မှုကြောင့် လူနှင့်တိရိစ္ဆာန်များမှာ ထိခိုက်မှုမရှိကြောင်း သိရသည်။

 

အဆိုပါ လေပြင်းတိုက်ခတ်၍ ထိခိုက်ပျက်စီးမှုများမှာ နောင်ကန်ကျေးရွာနေ ဦးကံအောင်၏ နေအိမ်တစ်လုံး၊ ဥသျှစ်ပင်ကျေးရွာရှိ ဦးအောင်ကြိုင်နေအိမ်တစ်လုံး၊ ဦးညီပုနေအိမ်တစ်လုံးနှင့် ဒေါ်မနီ၏နေအိမ်တစ်လုံး၊ ဝါးဘိုးချောင်းကျေးရွာရှိ ဦးသန်းစိုး၏ ဈေးဆိုင်အဆောက်အအုံတစ်ခု၊ သာယာကုန်းကျေးရွာရှိ ဒေါ်ဌေးဦး၏နေအိမ်တစ်လုံး၊ တောင်ကုန်းကျေးရွာရှိ ဦးမြင့်လွင်၏ နေအိမ်တစ်လုံးနှင့်မြောက်မော်ကျေးရွာရှိ ဦးကျော်ဝင်း၏နေအိမ်တစ်လုံး၊ စုစုပေါင်း လူနေအိမ် ၇ လုံးနှင့် ဈေးဆိုင်အဆောက်အအုံတစ်ခုတို့ဖြစ်ပြီး အဆိုပါအဆောက်အအုံများမှာ အမိုးများလန်ပြီး အဆောက်အအုံများ ထိခိုက်ပျက်စီးမှုများဖြစ်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

မျိုးလွင်(ပင်လည်ဘူး)