ပင်လည်ဘူး၊  ၂၁  ဒီဇင်ဘာ

ပင်လည်ဘူးမြို့နယ်ရှိ ကျေးလက်ဒေသများတွင် ငါးသယံဇာတ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို  ပင်လည်ဘူးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဒီဇင်ဘာ ၂၀ ရက်က တောင်ကုန်ကျေးရွာတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲသို့ တက်ရောက်လာကြသူများမှ ငါးလုပ်ငန်းနှင့်ပတ်သက်၍ သိလိုသည်များကို မေးမြန်းရာ မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဒေါ်ခက်ခက်ဝေခိုင်မှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။

MDN