ပင်လည်ဘူး ၁၄ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးရစ်၊ ငါးသန် ကာလအတွင်း ငါးဖမ်းဆီးခြင်းမရှိရန် "ငါးသယံဇာတတိုးပွားဖို့ ဝိုင်းဝန်းထိန်းသိမ်းကြပါစို့" သတိပေး တားမြစ်ချက် ဆိုင်းဘုတ်ပိုစတာများ စိုက်ထူခြင်းနှင့် ငါးလုပ်ငန်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေမှုကို ယမန်နေ့ နံနက်ပိုင်း၊ ပင်လည်ဘူး-ဖောင်းပြင်သွား ကားလမ်းဘေး မူးမြစ်ကူးတံတားထိပ်တွင် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဆိုင်းဘုတ်ပိုစတာများ စိုက်ထူခြင်းနှင့် ပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေ ဆောင်ရွက်မှုများကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်ခိုင်စိုး၊ မြို့နယ်စည်ပင် သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဦးနေလင်း၊ မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဒေါ်ခက်ခက်ဝေခိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်သက်ဆိုင်တာဝန်ရှိသူများ ပူးပေါင်း၍ ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
MDN


