ပင်လည်ဘူး  ၂၂   ဧပြီ  

စစ်ကိုင်းတိုင်းဒေသကြီး  ပင်လည်ဘူးမြို့နယ်တွင် ဧပြီ  ၂၁ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် အချိန်အခါမဟုတ်ဘဲ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့်  သာသနိကအဆောက်အဦနှင့် လူနေအိမ်များ၊ စာသင်ကျောင်းများ အမိုးလန်ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ပင်လည်ဘူးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၁၂)အုပ်စုရှိ လူနေအိမ် ၁၁ လုံး၊ စာသင်ကျောင်း ၄ ကျောင်း၊ ဘုန်းတော်ကြီးကျောင်း ၃ ကျောင်း၊ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ ၁ ခု အမိုးလန်ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မျိုးလွင်(ပင်လည်ဘူး)