ပင်လည်ဘူး   ၂၁  အောက်တိုဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနေဝင်းနိုင်နှင့် ဝန်ထမ်း အဖွဲ့သည်    ယမန်နေ့က မြို့နယ်အတွင်းရှိ  ပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာ အရောင်း ဆိုင်များအား   ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြန့်ဖြူးရောင်းချမှု ရှိ မရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြန်မာ့ရွှေနဂါးကုမ္ပဏီမှ ဖြန့်ဖြူးရောင်းချသော ပေါင်းသတ်ဘုရင် ၂၀ ဒဗလျူပီ အဆိပ်ရှိသည့် ပေါင်းသတ်ဆေးနှင့် အင်းလေးရတနာမှ ထုတ်လုပ်သော ပိုးသတ်ဆေးများအား ဖြန့်ဖြူးရောင်းချမှု ရှိ မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

 

အဆိုပါ အဆိပ်ရှိသည့် ပေါင်းသတ်ဆေးနှင့် အခြားတားမြစ်ဆေးဝါးများ ရောင်းချခြင်း မပြုကြရန် ပညာပေး ဆွေးနွေးဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြပြီး တားမြစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချမှုများ စစ်ဆေးတွေ့ရှိပါက   ပိုးသတ်ဆေးဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

မျိုးလွင်(ပြန်/ဆက်)