နေပြည်တော် ၁၀ စက်တင်ဘာ
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၈ ရက် ညပိုင်းတွင် ပင်လည်ဘူးမြို့နယ်၊ သစ်ဖြူကျင်းကျေးရွာနှင့် ညောင်ကုန်းကျေးရွာသွားကားလမ်းတွင် နေလွင် မောင်းနှင်ပြီး အောင်မြင့်စိုး လိုက်ပါလာ သည့် မော်တော်ဆိုင်ကယ်အား ရှာဖွေရာ ဘိန်းဖြူ ၁ ဒသမ ၀၆ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၃,၇၀၀ တို့ကိုလည်းကောင်း၊ ထို့အတူ စက်တင်ဘာ ၉ ရက် ညနေ ၆ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ကျောက်မဲမြို့နယ်၊ မူဆယ်-မန္တလေးသွား ကားလမ်း၊ အိုရီယမ်တယ်တိုးဂိတ် အနီးတွင် စိုင်းနေလင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၄၀၀ နှင့် လက်ကိုင်ဖုန်းတစ်လုံး၊ အလားတူ အောင်အောင်စိုး(ခ)ရှမင် မောင်းနှင်ပြီး ဇော်မင်းဦး(ခ)ဟာမင် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကိုရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ သိမ်းဆည်းရမိခဲ့ သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထား ကြောင်း သိရသည်။
(ရဲပြန်ကြား)