ပင်လုံ  ၈  နိုဝင်ဘာ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ မဲဆန္ဒနယ်အမှတ်()ရှိ မဲရုံအသီးသီး၌ မဲရုံမှူးများက လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲကိုယ်စားလှယ်များ/အကူကိုယ်စားလှယ်များ၊  စောင့်ကြည့် လေ့လာသူများ၊ ကော်မရှင်အဖွဲ့ခွဲများ၊ မဲရုံအဖွဲ့ဝင်များရှေ့တွင် မဲပုံးလုံခြုံရေးများ ဆောင်ရွက်ပြီး ယနေ့နံနက် ()နာရီအချိန်တွင် မဲဆန္ဒရှင်ပြည်သူများက စတင်ဆန္ဒမဲပေးနေကြောင်း သိရပါသည်။

မဲဆန္ဒရှင်ပြည်သူများအား တစ်ဦးနှင့်တစ်ဦး ပေအကွာမှ တန်းစီစေခြင်း၊ မဲရုံအတွင်းသို့ မဝင်ရောက်မီ မဲဆန္ဒရှင်ပြည်သူအားလုံး ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ လက်သန့်ဆေးရည်အသုံးပြု၍ လက်ဆေးစေခြင်း၊ နှာခေါင်းစည်း Mask တပ်ဆင်စေခြင်း၊ မဲရုံအတွင်းသို့ မဝင်ရောက်မီ မဲဆန္ဒရှင်ပြည်သူတစ်ဦးချင်းစီ၏ ဘယ်ဖက် လက်သန်းကို မင်တို့ထားခြင်း ရှိ/မရှိ စစ်ဆေးခြင်းများကို ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး စည်းကမ်းများ နှင့်အညီ စနစ်တကျဆောင်ရွက်၍ မဲဆန္ဒရှင် ပြည်သူများအား မဲရုံအတွင်းသို့ တန်းစီ၍ တစ်ဦးချင်းဝင်ရောက်စေပြီး ဆန္ဒမဲပေးခြင်းများကို လွတ်လပ်ပျော်ရွှင်စွာ ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

လွိုင်လင်မြို့နယ် မဲဆန္ဒနယ်အမှတ်() ပင်လုံမြို့တွင် ရပ်ကွက်()ခုနှင့် ကျေးရွာအုပ်စု()ခုမှ ဆန္ဒမဲပေးခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူပေါင်း (၄၈၅၆၀)ဦးဖြစ်ကြောင်း သိရှိရပြီး မဲရုံ(၃၆)ရုံ ဖွင့်လှစ်ဆောင်ရွက်ထား၍ အဆိုပါ မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများကလည်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးစည်းကမ်းများနှင့်အညီ စနစ်တကျ မဲပေးလျှက်ရှိကြောင်းသိရသည်။

နန်းမြင့်မြင့်ဆွေ