ပင်လုံ   ၇   ဩဂုတ်

လွိုင်လင်မြို့နယ် ပင်လုံမြို့တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးအတွက် လွိုင်လင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဟင်းသီးဟင်းရွက်များ စနစ်တကျရောင်းချဝယ်ယူနိုင်ရေးအတွက် ပင်လုံမြို့ မဟာရဌာဘိသာမဂ္ဂီ စေတီတော်ဝန်းအတွင်း၌ ယမန်နေ့ညနေပိုင်းမှစ၍ ယာယီပျံကျဈေး သတ်မှတ်၍ စနစ်တကျ ရောင်းချခွင့်ပြုလျက်ရှိကြောင်း သိရသည်။

 

အဆိုပါပျံကျဈေးနေရာ၌ လွိုင်လင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးဝယ်နှင့် ဈေးရောင်းချနေသည့် ဈေးသည်များအား Mask များအခမဲ့ဖြန့်ဝေခြင်း၊ စနစ်တကျရောင်းချနိုင်ရန် နေရာစီစဉ်ပေးခြင်း၊ ဈေးရောင်းသည့် ဈေးသည်များအနေဖြင့် နှာခေါင်းစည်း Mask များတပ်ဆင်၍ ရောင်းချရန် စီစဉ်ပေးခြင်း၊ အမှိုက်များစနစ်တကျ စွန့်ပစ်စေပြီး အမှိုက်သိမ်းဆည်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ယာယီပျံကျဈေးအား နေ့စဉ်နံနက် ၅  နာရီမှ ညနေ ၄ နာရီအထိသာ ရောင်းချဝယ်ယူခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

နန်းမြင့်မြင့်ဆွေ(ပြန်/ဆက်၊​ပင်လုံ)