mdn

ပင်လုံ        ဩဂုတ်   ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါကာကွယ်ရေးစည်းကမ်းချက်များကို လိုက်နာခြင်း မရှိသူများအား ဒဏ်ငွေရိုက် အရေးယူမှုများ ပြုလုပ်ခဲ့ပါသည်။ 

ဩဂုတ်လ ၂၂ ရက်တွင် လွိုင်လင်မြို့နယ် စည်ပင်သာယာရေးဌာနမှ ဉီးစီးအရာရှိ ဉီးသောင်းထွန်းဇော် နှင့်ပင်လုံမြို့စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများ၊ပင်လုံမြို့အုပ်ချုပ်ရေးမှူးဉီးမြင့်ဇော်နှင့် ရပ်ကွက်အုပ်ချုပ်ရေး မှူးများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပင်လုံမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဉီးစီးမှူး ၊ပင်လုံမြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအထောက်အကူပြုကော်မတီဒု-ဉက္ကဌဉီးလောယုံ နှင့် ပင်လုံမြို့ဈေး ကော်မတီ မှတာဝန်ရှိ သူများက ပင်လုံမြို့ဈေးအတွင်းကွင်းဆင်းစစ်ဆေးပြီးနောက်ရောဂါကာကွယ်ရေးအတွက်  ကျန်းမာရေးဝန်ကြီး ဌာန နှင့် လွိုင်လင်မြို့နယ် စည်ပင်သာရေးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့် အညီလိုက်နာဆောင်ရွက်ခြင်း မရှိသည့် ဈေးရောင်းချသူများ၊ဈေးဝယ်သူ(၂၂)ဉီးအား တစ်ဉီးလျှင် ငွေကျပ် ၅၀၀ စီ ဒဏ်ငွေရိုက်အရေးခဲ့ပြီး၊ ဈေးအတွင်း ဖွင့်လှစ်ရောင်းချခွင့် မပြုထားသည့် ဆိုင်(၁)ဆိုင် အားအရေးယူဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

ပင်လုံ(ပြန်/ဆက်)