ပင်လုံ ဒီဇင်ဘာ ၃

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် ပင်လုံမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်း ကျောင်း(ပင်လုံ)တွင် လူဝင်မှုကြီးကြပ်ရေးနှင့်   ပြည်သူ့အင်အားဦးစီးဌာနမြို့နယ်ရုံးက ဒီဇင်ဘာ  ၃ ရက် နံနက် ၁၀ နာရီက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဉီးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲ အခမ်းအနားကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် လွိုင်လင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး   ဦးမိုးမောင်မောင်က ဥပဒေအရ နိုင်ငံသားများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်  ကိုင် ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးနိုင်ရေးအတွက် ၃-၅-၂၀၂၁ ရက်နေ့မှစတင်ပြီး ရပ်ကွက်နှင့် ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့မွေးဖွားရာဇာတိတွင် အမြဲနေထိုင်ပြီး အိမ်ထောင်စုလူဦးရေ စာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများ၊ လက်ရှိဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းမရှိသူများနှင့် ရွှေ့ပြောင်းနေသူများအနေဖြင့် မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သူလက်မှတ်မရှိသူများကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ တစ်မြို့နယ်လုံးအနေဖြင့် မေလမှစတင်၍ ယနေ့အထိ နိုင်ငံသားစိစစ်ရေးကတ်ပြား (၂၂၀၂)ကတ် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ဦးစီးမှူးက နိုင်ငံသားစိစစ်ရေး ကတ်ပြား(၃၉)ကတ်အား နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်း ကျောင်း(ပင်လုံ) ကျောင်းအုပ်ကြီး ဉီးသိန်းထွန်းထံသို့ပေးအပ်ခဲ့ပြီး ကျောင်းအုပ်ကြီးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကြောင်း သိရသည်။

ပင်လုံ (ပြန်/ဆက်)