နေပြည်တော်၊ ၈ ဒီဇင်ဘာ

ဦးကျော်ငြိမ်း (မြန်မာသမိုင်းအဖွဲ့ဝင်) ပြုစုရေးသားသည့် ပင်လုံညီလာခံနှင့် ပင်လုံသဘောတူညီချက် လက်မှတ်ရေးထိုးသူ ၂၃ ဦး၏ အတ္ထုပ္ပတ္တိစာအုပ်ကို Bagan Princess Publications မှ တန်ဖိုး ၅၀၀ဝိ ကျပ်ဖြင့် ထုတ်ဝေလိုက်ကြောင်း သိရသည်။  

အဆိုပါစာအုပ်တွင် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း၌ မော်ကွန်းဝင် ညီလာခံဖြစ်သည့် ပင်လုံညီလာခံ၏ သမိုင်းကြောင်းသာမက ပင်လုံသဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြသည့် ပြည်ထောင်စု မြန်မာနိုင်ငံမှ ဗိသုကာ ၂၃ ဦး၏ အတ္ထုပ္ပတ္တိ နှင့်စပ်လျဉ်း၍ ယခင်က ပြီးပြည့်စုံစွာ စုစည်းရေးသားထားခြင်း မရှိသေးသည်ကို ယခု စာအုပ်တွင် သမိုင်းကြောင်းမှန်ကန်၍  ပြီးပြည့်စုံစွာ ဖတ်ရှုလေ့လာနိုင်မည်ဖြစ်သည်။

သတင်းစဉ်