လွိုင်လင်  ၉  ဇန်နဝါရီ  

 

၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပင်လုံတက္ကသိုလ် အထူးပြုဘာသာရပ်ပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက လွိုင်လင်ခရိုင်အားကစားကွင်းတွင် ကျင်းပခဲ့သည်။

 

41

 

ဖွင့်ပွဲအခမ်းအနားတွင် ပင်လုံတက္ကသိုလ် ပထဝီဝင်ဘာသာရပ် ပါမောက္ခဌာနမှူး ဆရာကြီး ဒေါက်တာ မင်းလွင်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစား သစ္စာအဓိဌာန် ရွတ်ဆိုကြပြီးနောက် ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြပြီး ပြေးခုန်ပစ်ပြိုင်ပွဲများကို ဆက်လက်ကျင်းပခဲ့သည်။

 

3

 

အဆိုပါ ပြိုင်ပွဲတွင် မီတာ ၅၀ဝ၀ ၊ မီတာ ၈၀ဝ ၊ မီတာ ၄၀ဝ  ၊ မီတာ ၂၀ဝ ၊ မီတာ ၁၀ဝ အပြေးပြိုင်ပွဲများ၊ လှံတံပစ် ၊ သံပြားပစ် ၊ သံလုံးပစ်၊ အလျားခုန်၊ အမြင့်ခုန်ပြိုင်ပွဲများတွင် အသင်း(၇)သင်း၊ ပြိုင်ပွဲဝင် အားကစားသမား ၆၀  ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

 

1

 

ခရိုင်ပြန်/ဆက်