ကော့သောင်း   ဇန်နဝါရီ   ၁

အက်ဒမန်ပင်လယ်ပြင်အတွင်း စက်ချို့ယွင်းနစ်မြုပ်ကာ ထိုင်းရေပြင်ပိုင်နက်အတွင်း ဒီဇင်ဘာလ ၂၈ ရက် နံနက်ပိုင်းက မျောပါရောက်ရှိခဲ့သည့် မြန်မာငါးဖမ်းလှေတစ်စီးမှ လှေလုပ်သားခြောက်ဦးအား ထိုင်း နိုင်ငံ၊ ရနောင်းမြို့ တာဝန်ရှိသူများက ကယ်ဆယ်ကာ အဆိုပါနေ့ ညနေပိုင်းက မြန်မာနိုင်ငံ တာဝန်ရှိသူများ ပြန်လည်လွဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ(အမည်မရှိ)ငါးဖမ်းလှေမှာ ထိုင်း-မြန်မာနယ်စပ် မြန်မာ့ပင်လယ်ပြင်အတွင်းငါးဖမ်းထွက်စဉ် စက်ချို့ယွင်းမှုဖြစ်ပွား နစ်မြုပ်ကာ ပင်လယ်ရေစီးနှင့်အတူ လှေလုပ်သား ခြောက်ဦး အသက်ရှင်လျက် မျောပါ၍ ထိုင်းနိုင်ငံ ရေပိုင်နက်အတွင်း ရောက်ရှိသွားရာ ထိုင်းနိုင်ငံ နယ်ခြားစောင့် Royal Thai Navy တပ်ဖွဲ့မှ တွေ့ရှိ ကယ်ဆယ်ခဲ့ပြီး ကိုဗစ်-၁၉ရောဂါ ကူးစက်မှုရှိမရှိ စစ်ဆေးမှုများ ဆောင်ရွက်၍ ထိုင်း-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး ရှေးရှုကာ မြန်မာနိုင်ငံ ကော့သောင်းမြို့မှ တာဝန်ရှိသူများထံ သို့ပြန်လည်လွဲပြောင်း ပေးအပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါလှေလုပ်သားများအား ကော့သောင်းမြို့တာဝန်ရှိအဖွဲ့အစည်းများက စနစ်တကျပြန်လည် လက်ခံခဲ့ပြီး လိုအပ်သည့်ကူညီထောက်ပံ့မှုများဆောင်ရွက်ကာ လှေလုပ်သားများအားကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပွားရေး မိုးကုတ် Quarantine Center၌ ၁၀ ရက် အသွားအလာ ကန့်သတ်ထားရှိ စောင့်ကြည့်ပြီး ကိုဗစ်-၁၉ရောဂါ ပိုးစစ်ဆေး တွေ့ရှိခြင်း မရှိမှသာ မိမိတို့နေအိမ် အသီးသီးသို့ ပြန်လည် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)