သံဖြူဇရပ် ၂၃ ဇူလိုင်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ပင်လယ်ငါးဖမ်းရေလုပ်သားများ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး သင်တန်းအမှတ်စဉ် (၃/၂၀၂၀) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့၊ ကျိုက္ခမီရေလယ်ဘုရားဝင်း၊ သီရိဇေယျာခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါသင်တန်းဖွင့်ပွဲတွင် မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဌေးဝင်းမှ အဖွင့်အမှာစကား ပြောကြားကာ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွှယ်ချက်များအား ရှင်းလင်းပြောကြားသည်။ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ သံဖြူဇရပ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းထွဋ်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျိုက္ခမီမြို့ ကမ်းဝေးငါးဖမ်း လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး ကျိုက္ခမီမြို့အခြေပြု ကမ်းဝေးရေလုပ်သား (၄၀)ဦး တက်ရောက်လျက် သင်တန်းကာလမှာ (၃)ရက် ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
MDN


