တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း ကမ်းရိုးတန်းဒေသရှိ ကြိုးဝိုင်းသစ်တောတစ်ခုအနီး တွေ့ရှိခဲ့သည့် ပင်လယ်ဖျံပေါက် အကောင် ၁၀ဝ ခန့် ခိုးဖမ်းသည့်သံသယဖြင့် တရုတ်ရဲတပ်ဖွဲ့က လူ ၁၀ ဦးကို ဖမ်းဆီးခဲ့သည်။

ဖျံပေါက်လေးများကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့က လျောင်းနင်းပြည်နယ် ဒါလီယန်ရှိ စိုက်ပျိုးရေးခြံတစ်ခုအတွင်း တွေ့ရှိခဲ့ကြောင်း တရုတ်နိုင်ငံ မီဒီယာများက ပြောကြားသည်။

ပင်လယ်ဖျံပေါက်လေးများကို ထားရှိရန်မသင့်တော့်သည့် နေရာများတွင် ပြွတ်သိပ်စွာထားရှိခဲ့သဖြင့် ၂၉ ကောင်မှာ သေဆုံးသွားခဲ့သည်။

ဒေသခံ သဘာဝပတ်ဝန်းကျင်ကာကွယ်စောင့်ရှောက်ရေး အာဏာပိုင်များက ကယ်ဆယ်ခဲ့ပြီးနောက် နောက်ထပ် ပင်လယ်ဖျံပေါက် ၁၀ ကောင်လည်း ထပ်မံသေဆုံးခဲ့သည်။ အဆိုပါပင်လယ်ဖျံများမှာ တရုတ်နိုင်ငံတွင် ကာကွယ်စောင့်ရှောက်ထားသည့် မျိုးစိတ်များဖြစ်သည်။

ပင်လယ်ဖျံပေါက်များ ခိုးဖမ်းဆီးမှုသံသယဖြင့် ဒေသခံ ၁၀ ဦးကို တနင်္လာနေ့က ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးခံရသူများက ဇန်နဝါရီလလယ်ကတည်းက နေရာအသီးသီးတွင် ပင်လယ်ဖျံပေါက်များကို ခိုးဖမ်းဆီးခဲ့သည်ဟု ရဲတပ်ဖွဲ့က သံသယရှိနေသည်။

 

mdn

 

၎င်းတို့က ပင်လယ်ဖျံပေါက်များကို ငါးပြတိုက်များသို့ရောင်းချရန် ခိုးဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ခိုးဖမ်းဆီးသူများရန်မှ အဆိုပါတိရစ္ဆာန်များကို ကာကွယ်နိုင်ခဲ့ခြင်း မရှိသောကြောင့် အာဏာပိုင်များမှာ ဝေဖန်ခံခဲ့ရသည်။

ကျန်းမာရေးကောင်းမွန်လာပါက အသက်ရှင်ကျန်ရစ်သည့် ပင်လယ်ဖျံပေါက်များကို တောအတွင်းသို့ ပြန်လွှတ်မည်ဖြစ်ကြောင်း၊ ပင်လယ်ဖျံများ ကာကွယ်စောင့်ရှောက်ရေးကို တိုးမြှင့်လုပ်ဆောင်မည်ဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားသည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်

 

mdn