ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

နေပြည်တော် ၁ အောက်တိုဘာ

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ယနေ၌ နံနက် ၁၀ နာရီခွဲက ထုတ်ပြန်သည့် မိုးလေဝသခန့်မှန်းချက်အရ  ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်ထူထပ်နေသည်။

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သ ခန့်မှန်းချက်အနေဖြင့် ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။

အမြင်တာ (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့်ရှိသည်။ ရေပြင်လေသည် အနောက် (သို့) အနောက်မြောက်၊ တစ်နာရီပင်လယ်မိုင်(၅-၁၀)မိုင်၊ တစ်ခါတစ်ရံ မိုင်(၂၀) ဖြင့်တိုက်ခတ်နိုင်သည်။ လှိုင်းအ‌ခြေအနေမှာ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိနိုင်ပြီး လှိုင်းအမြင့်မှာ (၃)ပေမှ (၆)ပေခန့်ရှိသည်။

ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက် အနေဖြင့် ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။

အမြင်တာ အနေဖြင့် (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့်ရှိသည်။ ရေပြင်လေ သည် အနောက် (သို့) အနောက်မြောက်၊ တစ်နာရီပင်လယ်မိုင် (၅- ၁၀) မိုင်၊ တစ်ခါတစ်ရံ မိုင်(၂၀) တိုက်ခတ်နိုင်သည်။ လှိုင်းအ‌ခြေအနေမှာ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိပြီး  လှိုင်းအမြင့်မှာ (၃)ပေမှ (၆)ပေခန့်ရှိသည်။

MDN