ဇူလိုင် ၁၃

(၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁၃)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် လေဖိအားနည်းဆဲလ် (Low pressure cell)အဖြစ် အားလျော့သွားပြီ ဖြစ်ပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေ ပါသည်။
ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌​လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

မိုးလေ၀သအ‌ခြေအနေ။ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်။
အမြင်တာ။ (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့်။
ရေပြင်လေ။ တောင် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် (၅-၁၀)မိုင်၊ တစ်ခါတစ်ရံ (၂၅)မိုင်။
လှိုင်းအ‌ခြေအနေ။ လှိုင်းအသင့်အတင့်ရှိမည်။
လှိုင်းအမြင့်။ (၆)ပေမှ (၈)ပေခန့်။
ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်

မိုးလေ၀သအ‌ခြေအနေ။ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်။
အမြင်တာ။ (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့်။
ရေပြင်လေ။ တောင် (သို့) အရှေ့တောင်၊ တစ်နာရီပင်လယ်မိုင် (၅-၁၀)မိုင်၊ တစ်ခါတစ်ရံ (၂၅)မိုင်။
လှိုင်းအ‌ခြေအနေ။ လှိုင်းအသင့်အတင့်ရှိမည်။
လှိုင်းအမြင့်။ (၆)ပေမှ (၈)ပေခန့်။

Crdit-မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန