ဇူလိုင် ၁၆

(၂၀၂၁ခုနှစ်၊ဇူလိုင်လ (၁၆)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားနည်းနေပါသည်။ 
ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

မိုးလေ၀သအ‌ခြေအနေ။ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်။
အမြင်တာ ။ (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့်။
ရေပြင်လေ။ တောင် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် (၁၀-၁၅)မိုင်၊ တစ်ခါတစ်ရံ မိုင်(၃၀)မှ (၃၅)မိုင်။ 
လှိုင်းအ‌ခြေအနေ။ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးမည်။
လှိုင်းအမြင့်။ (၇)ပေမှ (၉)ပေခန့်။
ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်

မိုးလေ၀သအ‌ခြေအနေ။ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်။
အမြင်တာ ။ (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့်။
ရေပြင်လေ။  တောင် (သို့) အရှေ့တောင်၊ တစ်နာရီပင်လယ်မိုင် (၅-၁၀)မိုင်၊ တစ်ခါတစ်ရံ (၂၅)မိုင်။ 
လှိုင်းအ‌ခြေအနေ။ လှိုင်းအသင့်အတင့်ရှိမည်။
လှိုင်းအမြင့်။ (၅)ပေမှ (၇)ပေခန့်။

Credit-မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန