ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၈)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်)

 

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၄:၃၀)နာရီအချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ်(Deep Depression)သည် အနောက်-အနောက် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “မန်းဒပ်(စ်)(MANDOUS)” အဖြစ်သို့ ရောက်ရှိခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(CocoIsland)၏ အနောက်တောင်ဘက် ရေမိုင်(၅၉၅)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့(Hainggyikyun)၏ အနောက်တောင်ဘက် ရေမိုင်(၇၀၅)မိုင်ခန့်၊ သီရိလင်္ကာနိုင်ငံ၊ ဂျက်ဖ်နာမြို့(Jaffna)၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင်(၂၆၀)မိုင်ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့(Chennai)၏ အရှေ့တောင်ဘက် ရေမိုင်(၃၂၅)မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ ကပ္ပလီပင်လယ်ပြင်တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ဘင်္ဂလားပင်လယ်အော်တွင် တိမ်ထူထပ်နေပါသည်။

 

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌​လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

 

မိုးလေ၀သအ‌ခြေအနေ။     နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။

 

အမြင်တာ။ (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့် ။

 

ရေပြင်လေ။ အရှေ့ (သို့) အရှေ့တောင်၊ တစ်နာရီပင်လယ်မိုင် (၁၅ - ၂၀)မိုင်၊ တစ်ခါတစ်ရံ (၃၅)မိုင်မှ မိုင်(၄၀) အထိ။

 

လှိုင်းအ‌ခြေအနေ။ လှိုင်းကြီးနိုင်ပါသည်။

 

လှိုင်းအမြင့်။  (၉)ပေမှ (၁၀)ပေခန့်။

 

ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်

 

မိုးလေ၀သအ‌ခြေအနေ။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

 

အမြင်တာ။ (၅)မိုင်။

 

ရေပြင်လေ။ အရှေ့ (သို့) အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် (၁၅ - ၂၀)မိုင်၊ တစ်ခါတစ်ရံ (၃၅)မိုင်မှ မိုင်(၄၀) အထိ။

 

လှိုင်းအ‌ခြေအနေ။ လှိုင်းကြီးနိုင်ပါသည်။

 

လှိုင်းအမြင့်။ (၉)ပေမှ (၁၀)ပေခန့်။

 

Credit> မိုး/ဇလ