နေပြည်တော် ၉ ဖေဖော်ဝါရီ


၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၉)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် မိုးဇလမှ ထုတ်ပြန်ချက်အရ  ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတို့တွင် အများအားဖြင့် သာယာနေပြီး၊ ကျန်ဘင်္ဂလား ပင်လယ်အော်တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေသည်။


ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။


အမြင်တာ ။ (၅)မိုင်။


ရေပြင်လေ။ အရှေ့ (သို့) အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် (၅-၁၀)မိုင်၊ တစ်ခါတစ်ရံ မိုင်(၂၀)။


လှိုင်းအ‌ခြေအနေ။ လှိုင်းအနည်းငယ်သာရှိမည်။


လှိုင်းအမြင့်။ (၁)ပေမှ (၃)ပေခန့်။


ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်မှာ အများအားဖြင့် သာယာမည်။


အမြင်တာ ။ (၅)မိုင်။


ရေပြင်လေ။ မြောက်(သို့) အနောက်မြောက်၊ တစ်နာရီပင်လယ်မိုင်(၅-၁၀)မိုင်၊ တစ်ခါတစ်ရံ မိုင်(၂၀)။


လှိုင်းအ‌ခြေအနေ။ လှိုင်းအနည်းငယ်သာရှိမည်။


လှိုင်းအမြင့်။ (၁)ပေမှ (၃)ပေခန့်။


MDN