၅ ဧပြီ
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၅)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။
ရန်ကုန်မှ တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင် ခရီးအတွက် မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်အရ မိုးလေဝသ အခြေအနေ။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ အမြင်တာ။ (၄)မိုင်၊ မိုးရွာစဉ်(၁)မိုင်ခန့်။ ရေပြင်လေ။ အရှေ့ (သို့) အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် (၅-၁၀)မိုင်၊ တစ်ခါတစ်ရံ (၂၅)မိုင်။ လှိုင်းအခြေအနေ။ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်။ (၃)ပေမှ (၅)ပေခန့်။
ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်း တစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်အရ မိုးလေဝသ အခြေအနေ။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။ အမြင်တာ။ (၅)မိုင်။ ရေပြင်လေ။ မြောက်(သို့) အနောက်မြောက်၊ တစ်နာရီ ပင်လယ်မိုင် (၅-၁၀)မိုင်၊ တစ်ခါတစ်ရံ (၂၅)မိုင်။ လှိုင်းအခြေအနေ။ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်။ (၃)ပေမှ (၅)ပေခန့်။
MDN