(၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်ထုတ်ပြန်ချက်)

 

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေပါသည်။

 

ထူးခြားသည့်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်တို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် ဆက်လက်တည်ရှိနေပါသည်။

 

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်

 

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

 

မိုးလေဝသအ‌ခြေအနေ။ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်။

အမြင်တာ။ ၄ မိုင်၊ မိုးရွာစဉ် ၁ မိုင်ခန့်။

ရေပြင်လေ။ အနောက် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် ၁၅-၂၀ မိုင်၊ တစ်ခါတစ်ရံ ၃၅ မိုင်။

လှိုင်းအ‌ခြေအနေ။ လှိုင်းကြီးမည်။

လှိုင်းအမြင့်။ ၁၀ ပေမှ ၁၂ ပေခန့်။

 

ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်

 

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်

 

မိုးလေဝသအ‌ခြေအနေ။ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

အမြင်တာ။ ၃ မိုင်၊ မိုးရွာစဉ် မိုင်ဝက်ခန့်။

ရေပြင်လေ။ တောင် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် ၁၅-၂၀ မိုင်၊ တစ်ခါတစ်ရံ ၃၅ မိုင်။ လှိုင်းအ‌ခြေအနေ။ လှိုင်းကြီးမည်။

လှိုင်းအမြင့်။ ၁၀ ပေမှ ၁၂ ပေခန့်။

 

Crd> မိုး/ဇလ