ပွင့်ဖြူ     မတ်    ၂၅

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းလေ့ကျင့်ရေး သင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံဌာနခွဲအောက်ရှိ မကွေးတိုင်းဒေသကြီး၊  ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေး သိပ္ပံကျောင်းတွင် မတ် ၂၅ ရက် နံနက်ပိုင်းက ၂၀၁၉ - ၂၀၂၂ ပညာသင်နှစ် ဒုတိယနှစ် (Second Semester Examination) စတုတ္ထနေ့ Agricultural Chemistry ဘာသာရပ်ကို ကျောင်းသား ကျောင်းသူများက ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ အေးချမ်းစွာ ဖြေဆိုခဲ့ကြသည်။

 

အဆိုပါ စာမေးပွဲကို မတ် ၂၂ ရက်မှ ၃၁ ရက်အထိ ကျင်းပလျက်ရှိရာ ဖြေဆိုရန်စာရင်းရှိ ကျောင်းသား ၁၇ ဦး၊ ကျောင်းသူ ၁၉ ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၃၆ ဦး ရှိပြီး ပျက်ကွက်သူမရှိကြောင်း တာဝန်ခံ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာကြည်ကြည်မြထံမှ သိရသည်။

 

ရဲဝင်းနိုင်(ညောင်ဦး)