ပွင့်ဖြူ   ၂၈     မတ်      

 

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ကိုရိုနာ ဗိုင်းရပ်စ်( COVID – 19 )ရောဂါ ကူးစက်မှုမဖြစ်စေနှင့် ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေး အတွက်ရည်ရွယ်၍ မတ် ၂၇ ရက် မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့မ စည်ပင်သာယာဈေးကြီးအား ပိုးသတ်ဆေးဖျန်းခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

6275

 

မြို့နယ်အတွင်း ( COVID – 19 )ရောဂါ ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ပွင့်ဖြူမြို့မ စည်ပင်သာယာ ဈေးကြီးအား ပိုးသတ်ဆေးဖျန်းခြင်းနှင့် သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်း ဦးဆောင်သော ဝန်ထမ်းများ အဖွဲ့က ဈေးအကျိုးတော်ဆောင်ကော်မတီ အဖွဲ့နှင့် ပူးပေါင်း၍  မြို့မစည်ပင်ဈေးအတွင်း ၊ အပြင်ရှိ ဈေးဆိုင်ခန်းပေါင်း ၂၀ဝ ကျော်အား  ပိုးသတ်ဆေးများ စုပေါင်း ပက်ဖျန်းခဲ့ကြသည်။

 

7742

 

ထို့နောက် တာဝန်ရှိသူများက ဈေးသူဈေးသားများနှင့် ဈေးဝယ်လာပြည်သူများ ကိုရိုနာဗိုင်းရပ်စ် ( COVID – 19 ) ရောဂါ ကင်းဝေးစေရေး လက်ဆေးရန်အတွက် စီစဉ်ထားရှိသည့် လက်ဆေးကန်များတွင် ပြည်သူများ ရောဂါကြိုတင် ကာကွယ်နိုင်ရေး စနစ်တကျ လက်ဆေးနည်းများကို ပညာပေး သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

 

ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ဈေးသူဈေးသားများနှင့် ဈေးဝယ်လာသည့်ပြည်သူများ ( COVID – 19 ) ရောဂါ ကင်းဝေးစေရေးအတွက် လက်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်နိုင်ရန် ဈေးသူဈေးသားများ၏ ပံ့ပိုးကူညီမှုဖြင့် ပွင့်ဖြူမြို့မ စည်ပင်သာယာဈေး၌ လက်ဆေးကန်(၄)ခု စီစဉ်ဆောင်ရွက် ပေးထားကြောင်း မြို့နယ်စည်ပင်အမှုဆောင်အရာရှိ    လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းထံမှ သိရသည်။

 

ရဲဝင်းနိုင် ( ညောင်ဦး )

 

9071