ပွင့်ဖြူ      ၄ ဇန်နဝါရီ       
 
၂၀၂၀ ပြည့်နှစ် ၊ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲကို ယနေ့ နံနက် ၄ နာရီ မိနစ် ၂၀ က မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့ ပွင့်မာလာပန်းဉယျာဉ်ခြံ၌ ကျင်းပပြုလုပ်ရာ လွှတ်တော်ကိုယ် စားလှယ်များ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ်စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက နိုင်ငံတော်အလံအား တက်ရောက်အလေးပြုခဲ့ကြသည်။ 

ဆက်လက်၍ သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို နံနက် ၇ နာရီအချိန်တွင် ကျင်းပရာ ရှေးဦးစွာ လွှတ်တော် ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့်  ရဲဘော်အပေါင်းအား ဂုဏ်ပြုအလေးပြုခဲ့ကြသည်။ ၎င်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ထံမှ ပေးပို့သည့် ၂၀၂၀ ပြည့်နှစ် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့  သဝဏ်လွှာကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေက ရှင်းလင်းဖတ်ကြားသည်။ 

 

a

 

အဆိုပါ လွတ်လပ်ရေးနေ့အခမ်းအနားသို့ တက်ရောက်လာသူများကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဝါဝါလှိုင်နှင့် ဝန်ထမ်းများက (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစောင်များကို အခမဲ့ လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ရဲဝင်းနိုင်(ညောင်ဦး)