ပွင့်ဖြူ အောက်တိုဘာ ၂၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာများနှင့် အခြားသော နာမကျန်း လူနာများအတွက် လိုအပ်သော အောက်ဆီဂျင်အား ဖြန့်ဖြူးပေးနိုင်ရေးအတွက် တစ်နေ့လျှင် အောက်ဆီဂျင် ၄၀ လီတာအိုး အလုံးရေ ၁၂၀ ထွက်ရှိမည့် အောက်ဆီဂျင်ထုတ်စက်အား အောက်တိုဘာ ၂၄ ရက်က စတင်ပြီး AGT ကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာ ဦးသန့်ဇင်နှင့် ဝန်ထမ်းများက တာဝန်ယူ တပ်ဆင် ဆောင်ရွက်လျက်ရှိသည်။
ပွင့်ဖြူမြို့၌ တပ်ဆင်ဆောင်ရွက်နေသည့် အောက်ဆီဂျင်စက်မှာ 30 Nm3/h အမျိုးအစားဖြစ်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ပေးခြင်းဖြစ်ပြီး ငွေကျပ် သိန်း ၉၀၀ ကျော် တန်ဖိုးရှိကြောင်း သိရသည်။
ရဲဝင်းနိုင်(ညောင်ဦး)


