ပွင့်ဖြူ အောက်တိုဘာ   ၂၆

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဌာနဆိုင်ရာ စုပေါင်းဘုံကထိန် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်  အကြိုညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာ ၂၆ ရက် နံနက် ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်က ရှင်းလင်း ဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြသည်။ 

 

ပွင့်ဖြူမြို့နယ်တွင် ဌာနဆိုင်ရာပေါင်းစုံ စုပေါင်းဘုံကထိန်ကို နိုဝင်ဘာ ၁၆ ရက်တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ ပြုလုပ်သွားမည် ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထံမှ သိရသည်။

 

ရဲဝင်းနိုင်(ညောင်ဦး)