ပွင့်ဖြူ   ၂၅  ဇူလိုင်      

           

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ မှုခင်းဖြစ်ပွားလျော့နည်းကျဆင်းရေး စီမံချက်ဖြင့် မြို့အတွင်း ဖြတ်သန်းသွား လာသည့် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ တုတ် ဓား၊ လက်နက် ကိုင်ဆောင်သွားလာမှုများ ရှိ မရှိ ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းကို ယမန်နေ့ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့မရဲစခန်းမှ နယ်ထိန်းအရာရှိ ဒုရဲအုပ်ရဲမွန်နှင့် ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့အဝင် လေးတိုင်စင်လမ်းဆုံနေရာတွင် မြို့တွင်းဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ သုံးဘီး ဆိုင်ကယ်များ၊ ခရီးသည်ပို့ဆောင်ရေး ယာဉ်ကြီးများနှင့် ကုန်တင်ယာဉ်ကြီးများအား ရပ်တန့်စေကာ တုတ်၊ ဓား၊ လက်နက်နှင့် တရားမဝင်ကုန်ပစ္စည်းများ တင်ဆောင်မောင်းနှင်ခြင်းရှိ မရှိ ကြည့်ရှုစစ်ဆေးပြီး မှုခင်းကြိုတင် ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကို အသိပညာပေး ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ကြောင်း သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး )

 

9582