ပွင့်ဖြူ နိုဝင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူး ဦးဆောင်သော ဝန်ထမ်းများက နိုဝင်ဘာ ၂၉ ရက်က ပွင့်ဖြူမြို့နယ် ဆင်လူးကျေးရွာသို့ သွားရောက်ပြီး ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ် အခမဲ့ ကွင်းဆင်းပြုလုပ်ပေးခဲ့သည်။
ထိုသို့ပြုလုပ်ပေးရာတွင် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူးနှင့် ဝန်ထမ်းများက ဒေသခံပြည်သူ ၁၆၁ ဦးအား နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေးခဲ့ပြီး အိမ်ထောင်စု လူဦးရေစာရင်းတွင် ကလေးမွေးတိုးစာရင်း ဖြည့်စွက်ခြင်းနှင့် သေစာရင်း ပယ်ဖျက်ခြင်း ပြုလုပ်လိုသော ဒေသခံပြည်သူများကိုလည်း အခမဲ့ ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။
ရဲဝင်းနိုင်(ညောင်ဦး)