ပွင့်ဖြူ     ၉  မေ   

 

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ နေ့စားခန့်ထားသော ဆည်/ရေလုပ်သား (ဝန်ထမ်း) ၁၂၂ ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလတွင် စားဝတ်နေရေး အဆင်ပြေ စေရေးအတွက် မေ ၈ ရက်က ဆန်၊ ဆီ၊ ကြက်သွန် စသည့် အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ထောက်ပံ့ပေးရာတွင် မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြတ်ဇော်သိန်း က စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးရခြင်းနှင့် စပ်လျဉ်းပြီး ရှင်းလင်းပြောကြားသည်။ 

 

ဆက်လက်၍ တာဝန်ရှိသူများက မြို့နယ်အတွင်း တောင်သူများ ရာသီအလိုက် စိုက်ပျိုးရေလုပ်ငန်းများ အဆင်ပြေစွာ စိုက်ပျိုးလုပ်ကိုင်နိုင်ရေးအတွက် ခန့်အပ်ထားသော နေ့စား(ဝန်ထမ်း) ဆည်/ရေလုပ်သား ၁၂၂ ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလ စားဝတ်နေရေး အဆင်ပြေစေရေးအတွက် တစ်ဦးလျှင် ဆန် (၃)ပြည်၊ ကြက်သွန် (၁)ပိဿာ၊ Goody စားဆီ ၅၀ ကျပ်သားတို့ကို တစ်ဦးချင်းစီ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ရဲဝင်းနိုင် (ညောင်ဦး)