ပွင့်ဖြူ   ၁၇     နိုဝင်ဘာ       

 

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ပေါက်ကုန်းကျေးရွာအုပ်စု ၊ ကံလှကျေးရွာ ၊ ကျောင်းစုကျေးရွာနှင့် ဇီးကျွန်း ကျေးရွာတို့တွင် ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်များ ဘေးလွတ်ရာသို့ ပြောင်းရွှေ့လျက်ရှိရာ နိုဝင်ဘာ ၁၆ ရက် ၊ မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့ ၊ ထွန်းတော်နိုင်အောင် (ကုန်မာဆိုင်နှင့် ထီရောင်းဝယ်ရေး)မိသားစုက ကမ်းပြိုဘေးသင့်သည့် အိမ်ထောင်စုဝင်များ အဆင်ပြေစွာ စားသောက်နိုင်ရေး အတွက် ဆန် ၊ ဆီ ၊ လက်ဖက်ပဲကြော် ၊ သောက်ရေသန့်နှင့် အလှူငွေများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရသည့် အိမ်ထောင်စုများအနေဖြင့် ပွင့်ဖြူမြို့နယ် ပေါက်ကုန်းကျေးရွာအုပ်စု ၊ ကံလှကျေးရွာတွင် အိမ်ထောင်စု(၃၀)စု ၊ ကျောင်းစု ကျေးရွာတွင် အိမ်ထောင်စု(၅)စု ၊ ဇီးကျွန်း ကျေးရွာတွင် အိမ်ထောင်စု(၁)စု ၊ စုစုပေါင်း အိမ်ထောင်စု (၃၆)စု ရှိပြီး ကမ်းပြိုဘေးသင့် အိမ်ထောင်စုဝင်များ စားရေး သောက်ရေး အဆင်ပြေစေရေးအတွက် ယမန်နေ့ မွန်းလွဲပိုင်းက ပွင့်ဖြူမြို့ ၊ ထွန်းတော်နိုင်အောင် (ကုန်မာဆိုင်နှင့် ထီရောင်းဝယ်ရေး) မိသားစုက အိမ်ထောင်စုတစ်စုလျှင် ဆန်(၆)ပြည် ၊ ဆီ (၁)ပိဿာ ၊ လက်ဖက်ပဲကြော်(၁)ထုပ်စီ ၊ သောက်ရေသန့် (၁)ကဒ်နှင့် အလှူငွေကျပ် ၁၀ဝ၀ဝ တို့ကို ထောက်ပံ့ပေးအပ်ရာ ကမ်းပြိုဘေးသင့် အိမ်ထောင်စုဝင်များက အသီးသီး  လက်ခံရယူခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရသည့် အိမ်ထောင်စု ဝင်များအား အဆင်ပြေစွာ နေထိုင်သွားနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ စေတနာရှင် ပြည်သူများကလည်း စားသောက်ဖွယ်ရာပစ္စည်းများ ၊ သောက်ရေသန့်များနှင့် အလှူငွေများ လာရောက် ထောက်ပံ့ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ပေါက်ကုန်းကျေးရွာအုပ်စု ၊ ကံလှကျေးရွာမှ ဒေသခံပြည်သူများထံက သိရသည်။   

 

ရဲဝင်းနိုင် ( ပြန်/ဆက် )