ပွင့်ဖြူ ဇွန် ၁၉

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ဇီးတောကျေးရွာရှိ သက်ကြီးဘိုးဘွားများ သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ရေးအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပထမ(၃)လပတ်အတွက် နိုင်ငံတော်မှထောက်ပံ့သည့် လူမှုရေးပင်စင်ငွေများကို ယနေ့နံနက်ပိုင်းက ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကျေးစာရေးဝန်ထမ်းများက သက်ကြီးဘိုးဘွားများ၏ နေအိမ်များသို့ သွားရောက်ကာ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ 

ပွင့်ဖြူမြို့နယ်တွင် လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသည့် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားဦးရေ စုစုပေါင်း ၉၅၆ ဦးရှိကြောင်း သိရကာ နိုင်ငံတော်အစိုးရမှ သက်ကြီးဘိုးဘွားများ သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ရေးအတွက် တစ်လလျှင် ငွေကျပ် တစ်သောင်းနှုန်းဖြင့် (၃)လတစ်ကြိမ် လူမှုရေးပင်စင်ငွေများကို ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။ 

အဆိုပါ လူမှုရေးပင်စင်ငွေ ထောက်ပံ့ပေးခြင်းကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကျေးစာရေး ဝန်ထမ်းများက ပွင့်ဖြူမြို့နယ် ဇီးတောကျေးရွာရှိ လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသည့် သက်ကြီးဘိုးဘွား (၂၀)ဦးအား နိုင်ငံတော်အစိုးရမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် (ဧပြီ၊ မေ၊ ဇွန်) ပထမ(၃)လပတ်အတွက် ထောက်ပံ့သည့် လူမှုရေးပင်စင်ငွေများကို အဘိုးအဘွားတစ်ဦးလျှင် လူမှုရေးပင်စင်ငွေကျပ် သုံးသောင်းနှုန်း အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)