ပွင့်ဖြူ    ၅   စက်တင်ဘာ     


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် အတွင်းရှိ ဒေသခံပြည်သူများ စိုက်ပျိုးရေအတွက် မှီခိုအားထား ပြုနေရသည့် ကြီးအုံကြီးဝတမံတွင် စက်တင်ဘာ ၅ ရက်၊ ယနေ့ နံနက် ၆ နာရီအချိန် တိုင်းထွာချက်အရ တမံရေပိုလွှဲမှ ၄ ဒသမ ၅ ပေခန့် ရေကျော်ကျလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနရုံးမှ သိရသည်။ 

 

1

 


ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန အနေဖြင့် မြို့နယ်အတွင်း ဒေသခံပြည်သူများ သဘာဝ ဘေးအန္တရာယ်နှင့် ပတ်သက်ပြီး ထိခိုက်မှု ကင်းဝေးစေရန်အတွက် ကြီးအုံကြီးဝတမံရေပိုလွှဲမှ ရေကျော်ကျမှု အခြေအနေအား နေ့စဉ်အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်ရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ယနေ့ နံနက်ပိုင်းက ကြီးအုံကြီးဝတမံရေပိုလွှဲမှ ၄ ဒသမ ၅ ပေခန့် ရေကျော်ကျလျက်ရှိကြောင်း အဆိုပါ မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။


ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံ ရေပိုလွှဲမှ ရေကျော်ကျမှုသည် သြဂုတ် ၃၀ ရက်နေ့က ၃ ပေ နဲ့ ၁ လက်မ ရေကျော် ကျခဲ့ပြီး ယခုရက်ပိုင်း မိုးရွာသွန်းမှုကြောင့် ယနေ့ နံနက်ပိုင်း တမံရေပိုလွှဲမှ ၄ ဒသမ ၅ ပေ  ရေကျော်ကျမှု တိုးလာခဲ့ခြင်း ဖြစ်ကြောင်းနှင့် အဆိုပါ တမံရေပိုလွှဲ ရေကျော်ကျမှုမှာ ဒေသခံပြည်သူများအတွက် စိုးရိမ်စရာမရှိကြောင်း ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။   


ရဲဝင်းနိုင် (ညောင်ဦး)