ပွင့်ဖြူ    ၊ ၂၉   ဇန်နဝါရီ       

 

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်ကျောင်းကုန်းကြီးကျေးရွာမှ ဒေသခံပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ကျေးရွာအနီးရှိ မြောက်မုန်းမြောင်းမကြီးတွင် မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် သံကူကွန်ကရစ်တံတားတစ်စင်း အကောင်အထည်ဖော် တည်ဆောက်လျက်ရှိသည်။

 

mdn

 

၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တိုင်းဒေသကြီးအစိုးရအဖွဲ့ ၏ ခွင့်ပြုရန်ပုံငွေကျပ် ၉၉ သန်းဖြင့် မြောင်းမကြီး အရှည်ပေ ၇၅ ပေ အား အကျယ် ၁၄ ပေ ရှိ သံကူကွန်ကရစ်တံတား တစ်စင်းအား ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က စတင်တည်ဆောက်ခဲ့ရာ ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးသွားပြီဖြစ်ကြောင်း၊ အဆိုပါ သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် အပြီးတည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

ယင်း သံကူကွန်ကရစ်တံတား တည်ဆောက်ပြီးစီးပါက ကျောင်းကုန်းကြီးကျေးရွာ အရှေ့ပိုင်းရှိ အိမ်ထောင်စု ၂၅၀ ခန့်အတွက် မြို့ပြနှင့် ကျေးလက် ရာသီမရွေးအဆင်ပြေစွာ ကူးလူးဖြတ်သန်း သွားလာနိုင်မည့်အပြင် ကျေးရွာနေပြည်သူများ အဓိက စီးပွားဖြစ်လုပ်ကိုင်နေသည့် စိုက်ပျိုးရေး လုပ်ငန်းနှင့် လယ်ယာမြေများမှ ထွက်ရှိသော သီးနှံထွက်ကုန်များကို ဈေးကွက်သို့ အချိန်မီ တင်ပို့ရောင်းချသွားနိုင်မည်ဖြစ်၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးအတွက် များစွာ အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)