ပွင့်ဖြူ ၂၈ မေ     

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ၊ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ၊ မီးဘေးလုံခြုံရေးနှင့် ပြည်သူ့အကျိုးပြု ကူညီဆောင်ရွက်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မေ ၂၈ ရက် ၊ နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်သီဟ ၏ အနီးကပ်ကြီးကြပ်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက မိုးရာသီကာလတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝ ဘေးအန္တရာယ်များ ကျရောက်လာသည့်အခါ အချိန်နှင့်တစ်ပြေးညီ ကူညီရှာဖွေကယ်ဆယ်နိုင်ရေးအတွက် ရေတွင်းရေကန်များတွင် လူနှင့်တိရစ္ဆာန် ပြုတ်ကျခြင်း၊ ပိတ်မိခြင်းများ ဖြစ်ပေါ်ပါက ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းများ အသုံးပြု၍ လျင်မြန်စွာ ရှာဖွေကူညီကယ်ဆယ်ပေးနိုင်ရေးအတွက် အသက်ကယ်ရှာဖွေရေးလုပ်ငန်း ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ အသက်ကယ်ရှာဖွေရေးလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်ရာတွင် ပွင့်ဖြူမြို့နယ် မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက အသက်ကယ်လုပ်ငန်းများ၏ ဆောင်ပုဒ်များဖြစ်သော လျင်မြန်၊ ထိရောက်၊ လုံခြုံ၊ သေချာရမည် စသည့် ဆောင်ပုဒ်များနှင့်အညီ ရေတွင်းရေကန်အတွင်း လူနှင့် တိစ္ဆာန်များ ပြုတ်ကျခြင်းနှင့် ပိတ်မိနေခြင်းများ ကြုံတွေ့လာပါက လျင်မြန်စွာ ရှာဖွေကူညီ ကယ်ဆယ်သွားနိုင်ရေး ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ် ဆောင်ရွက်ခဲ့ကြကြောင်း ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်သီဟ ထံမှ သိရသည်။  

ရဲဝင်းနိုင် (ညောင်ဦး)