ပွင့်ဖြူ၊ ၁၀ ဇွန်

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာ ကွင်းပိုင်အမှတ် ၈၂၀ ရှိ ဧရာဝတီမြစ် အတွင်း ဇွန် ၁၀ ရက် နံနက်ပိုင်းက ဧရာဝတီလင်းပိုင်တစ်ကောင်အား ရေလုပ်သားများမှ တွေ့ရှိခဲ့ကြောင်း ဒေသခံပြည်သူ ကိုမိုးနန်းဝေ ထံမှ သိရသည်။

 

ကျွန်တော်တို့ ကျေးရွာအနီး ဧရာဝတီမြစ်အတွင်း ဧရာဝတီလင်းပိုင်တစ်ကောင်ကို ကျေးရွာမှ ရေလုပ်သားတစ်ဦးက တွေ့လို့ဆိုပြီး ရွာကလူတွေကလည်း မြင်ဖူးချင်လို့ သွားရောက်ကြည့်ရှုကြတယ်။ ဧရာဝတီမြစ်အတွင်း လင်းပိုင်ကျက်စားနေတာ ၂၊ ၃ ရက်လောက်ရှိပြီဗျာ့။ ကျွန်တော်တို့ဒေသမှာ ခုလို လင်းပိုင်လာရောက်ကျက်စားတာ တစ်ကြိမ်မျှမရှိဖူးသေးဘူး၊ ကိုယ်တွေ့မြင်လိုက်ရတော့ အံ့ဩသွားမိတယ်။ ဒီနေ့တော့ ဧရာဝတီလင်းပိုင် ရေပေါ်မြူထူးကစားတာ တွေ့သံမကြားဘူး ဟု ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာမှ ဒေသခံရေလုပ်သားတစ်ဦးက ပြောသည်။

 

မြန်မာနိုင်ငံတွင် ဧရာဝတီလင်းပိုင်အား မျိုးသုဉ်းပျောက်ကွယ်မှုအန္တရာယ်မှ ကာကွယ်ရန် ငါးလုပ်ငန်း ဦးစီးဌာန၊ သားငှက်ထိန်းသိမ်းရေး (WCS)အဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့၊ တာဝန်သိ ရေလုပ်သားများနဲ့ CSO အဖွဲ့တို့ပါဝင်သော သက်ဆိုင်ရာအဖွဲ့အစည်းများက စီမံချက်ဖြင့် ကာကွယ် ထိန်းသိမ်းစောင့်ရှောက်လျက်ရှိကြောင်း သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)