ပွင့်ဖြူ      ဧပြီ       ၁၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာနေပြည်သူများ သောက်သုံးရေအတွက် မှီခိုအားထားရ သည့် ကျေးရွာတောရကျောင်းကန်တော်ကြီးအား  မိုးရေပိုမို စုဆောင်းနိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက ကျေးရွာနေပြည်သူများ စုပေါင်းပြီး သင်္ကြန်တွင်းကာလ ကန်ဆယ်ခြင်း(ကန်ပြုပြင်ခြင်း)အား ကုသိုလ်ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တောရကျောင်းကန်တော်ကြီးသည် အကျယ်အဝန်းအားဖြင့် ဧက ခန့်ရှိပြီး နှစ်စဉ် ကျေးရွာနေပြည်သူ များနှင့် ကျေးရွာရှိ ကျွဲ၊ နွား တိရစ္ဆာန်များအတွက် သောက်သုံးရေ မှီခိုအားထားနေရသည့် မိုးရေလှောင်ကြီး ဖြစ်ကာ ယခုနှစ်တွင် ကန်အတွင်း၌ ယခင်နှစ်က မိုးရေနှင့် အတူ စီးမျောပါလာသည့် သဲနုန်း ရွှံ့နုန်းများဖြင့် တိမ်ကောနေ၍ ကျေးရွာနေပြည်သူများက စုပေါင်းပြီး မိုးရေပိုမိုစုဆောင်းနိုင်ရန်အတွက် နှစ်စဉ် သင်္ကြန်တွင်းကာလ၌ ကန်ဆယ်ခြင်း (ကန်ပြုပြင်ခြင်း)အား ကုသိုလ်ပြု ထိန်းသိမ်းတူးဖော်ဆောင်ရွက် လျက်ရှိကြောင်း တိမ်ကောနေသော တောရကျောင်းကန်တော်ကြီးအား ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၏ ဦးဆောင်မှုဖြင့် ကျေးရွာနေပြည်သူများ စုပေါင်းပြီး ကန်ဆယ်ခြင်(ကန်ပြုပြင်ခြင်း)အား စုပေါင်းထိန်းသိမ်းတူးဖော် ဆောင်ရွက်ခဲ့ကြသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )