ပွင့်ဖြူ  ၁၀  ဧပြီ

 

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးနေကြောင်း ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဝါဝါလှိုင်နှင့် ဝန်ထမ်းများက မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်အဖွဲ့နှင့် ပူးပေါင်းပြီး ဧပြီ ၇ ရက်မှစတင်ကာ အသံချဲ့စက်ဖြင့် ကျေးရွာများသို့ သွားရောက်၍  ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်စေရေး ကြိုတင်ကာကွယ်ရမည့် အချက်များနှင့် ဆောင်ရန်ရှောင်ရန်များ၊ ပြည်ပနိုင်ငံများမှ ပြန်လာသူများ အသွားအလာ ကန့်သတ်မှုခံယူခြင်း (၁၄)ရက်ပြည့်မြောက်ပြီးနောက် လိုက်နာနေထိုင်ရမည့် အချက်များ၊ သက်ကြီးရွယ်အိုများ စောင့်ရှောက်ခြင်းဆိုင်ရာ အသိပေးကြေညာချက်များ၊ ကာကွယ်ရေးနည်းလမ်းများဆိုင်ရာ အသိပေးကြေညာ ချက်များ၊ သတိပေးနှိုးဆော်ချက်များ၊ စနစ်တကျ လက်ဆေးနည်းများ၊ နှာချေချောင်းဆိုးရာတွင် လိုက်နာရမည့်အချက်များ၊ ပါးစပ်နှင့် နှာခေါင်းစည်း(Surgical Mask) စနစ်တကျ တပ်ဆင်ပုံနည်းလမ်းများ၊ ပြည်ပမှ ဝင်ရောက်လာသူများ သိရှိလိုက်နာရမည့် အချက်များ စသည့်တို့ကို အသိပညာပေး ဆောင်ရွက်လျက်ရှိသည်။ 

 

ထို့အပြင် ကိုဗစ်-၁၉ ရော ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများနှင့်အတူ သီးသန့်ထား၍ အသွားအလာ ကန့်သတ်စောင့်ကြည့် ခြင်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်အချက်များ၊ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေများအကြောင်းနှင့် ဒေသန္တရထုတ်ပြန်ထားသော အမိန့်နှင့် ညွှန်ကြားချက်များကိုလည်း ပြည်သူများ သိရှိလိုက်နာရန် အသိပေးကြေညာခဲ့ကြောင်း သိရသည်။ 

 

အသံချဲ့စက်ယာဉ်ဖြင့် ကျေးရွာများအရောက် သတိပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၇ နာရီခွဲက ပွင့်ဖြူမြို့နယ် ညောင်ပင်ရွာ ကျေးရွာ၊ အင်းဒေါင်းကျေးရွာ၊ မုန်းမြင့်ကျေးရွာ၊ သမော်အင်းကျေးရွာ၊ လက်ပံချီပေါ်ကျေးရွာ၊ လက်ပတောကျေးရွာ၊ ဖလံတော ကျေးရွာ၊ နှောချင်းကျေးရွာ၊ ဇီးကိုင်းကျေးရွာ၊ ဝဲဒေါင့်ကျေးရွာ၊ ကျောင်းတော်ရာကျေးရွာ၊ ဇောင်ချမ်းကုန်းကျေးရွာ၊ ဖိုးပေါက်စု ကျေးရွာ၊ မှရိုးကုန်းကျေးရွာ၊ ဂါတ်ကုန်းကျေးရွာ၊ ချွန်းစုကျေးရွာ၊ ပေါက်စုကျေးရွာ၊ ရွှေလှေကျေးရွာ၊ ထနှောင်းကုန်းကျေးရွာ၊ လယ်ကိုင်းကျေးရွာ၊ သက်သာပန်းတောင်းကျေးရွာ၊ လယ်လှကုန်းကျေးရွာ၊ လယ်ဖီလာကျေးရွာ၊ ဆည်မုန်းကျေးရွာနှင့် ကံသာကြီးကျေးရွာ၊ စုစုပေါင်း ကျေးရွာ (၂၅)ရွာသို့ သွားရောက်၍ ကျေးရွာနေပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)