ပွင့်ဖြူ ဧပြီ     

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်အဖွဲ့တို့ ပူးပေါင်းပြီး ဧပြီ ရက် နံနက် နာရီခွဲက မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသံချဲ့စက်ဖြင့် ကျေးရွာများအရောက် ကွင်းဆင်းသွားရောက်ပြီး အသိပေးနှိုးဆော်ခြင်းများ ပြလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ် (COVID–19) ရောဂါနှင့် ပက်သက်၍ မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ ကြိုတင်ကာကွယ်နိုင်ရန်အတွက် လိုက်လံသတိပေးနှိုးဆော် ဆောင်ရွက်ရာတွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဝါဝါလှိုင်နှင့် ဝန်ထမ်းများက မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်အဖွဲ့နှင့် ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် ရှောက်တောကျေးရွာ၊ ဉယျာဉ်ကျစ်ကျေးရွာ၊ ကျောင်းကုန်းကြီးကျေးရွာ၊ ရေပုတ်ကလေးကျေးရွာ၊ ကနီကျေးရွာ၊ ကနီရွာသစ်ကျေးရွာ၊ မဒဲ()ကျေးရွာ၊ မဒဲ()ကျေးရွာ၊ ထိန်အိုင်ကျေးရွာ၊ သစ်ပုတီးကုန်းကျေးရွာ၊ မလွှကုန်းကျေးရွာ၊ ရွာသစ်(မလွှကုန်း)ကျေးရွာ၊ ပေတောကျောင်းကုန်းကျေးရွာ၊ အင်းနက်ကျေးရွာ၊ ညောင်ပင်စောက်ကျေးရွာ၊ ထူးကျေးရွာ၊ မုန်းဇလဲကျေးရွာ၊ သမန်းအင်းကျေးရွာ၊ သမုန်းကုန်းကျေးရွာ၊ သစ်ချိုကုန်းကျေးရွာ  စုစုပေါင်း ကျေးရွာ(၁၉)ရွာသို့ သွားရောက်ပြီး ကျေးရွာနေပြည်သူများ ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့် စပ်လျဉ်းပြီး ကြိုတင်ကာကွယ်ရမည့် အချက်များနှင့် ဆောင်ရန်ရှောင်ရန်များ၊ ပြည်ပနိုင်ငံများမှ ပြန်လာသူများ အသွားအလာကန့်သတ်မှုခံယူခြင်း (၁၄)ရက် ပြည့်မြောက်ပြီးနောက် လိုက်နာနေထိုင်ရမည့်အချက်များ၊ သက်ကြီးရွယ်အိုများ စောင့်ရှောက်ခြင်းဆိုင်ရာ အသိပေးကြေညာချက်များ၊ ကာကွယ်ရေးနည်းလမ်းများဆိုင်ရာ အသိပေးကြေညာချက်များ၊ စောစောသိ စောစောပြော အားလုံးအကျိုးရှိ သတိပေးနှိုးဆော်ချက်များ၊ စနစ်တကျ လက်ဆေးနည်းများ၊ နှာချေချောင်းဆိုးရာတွင် လိုက်နာရမည့် အချက်များ၊ ပါးစပ်နှင့် နှာခေါင်းစည်း (Surgical Mask) စနစ်တကျ တပ်ဆင်ပုံနည်းလမ်းများ၊ ပြည်ပမှ ဝင်ရောက်လာသူများ သိရှိလိုက်နာရမည့်အချက်များ စသည့် ကြိုတင်ကာကွယ်ရန်နှင့် လိုက်နာရမည့်အချက်များကို အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ပြီး ကျေးရွာနေပြည်သူများကို လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ ထို့အပြင် ကိုရိုနာဗိုင်းရပ်စ် (COVID–19) ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများနှင့်အတူ သီးသန့်ထား၍ အသွားအလာကန့်သတ် စောင့်ကြည့်ခြင်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်အချက်များ၊ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဉပဒေများအကြောင်းနှင့် ဒေသန္တရထုတ်ပြန်ထားသော အမိန့်နှင့် ညွှန်ကြားချက်များကိုလည်း ပြည်သူများ သိရှိလိုက်နာရန် အသိပေးကြေညာခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ ကိုရိုနာဗိုင်းရပ်စ် (COVID–19) ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျေးရွာအရောက် အသံချဲ့စက်ဖြင့် လိုက်လံ၍ သတိပေးနှိုးဆော်ခြင်းကို ကျန်ရှိသည့်ကျေးရွာများအား ဆက်လက်သတိပေး နှိုးဆော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဝါဝါလှိုင်ထံမှ သိရသည်။

ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ ကိုရိုနာဗိုင်းရပ်စ်ရောဂါ စနစ်တကျ ကာကွယ်နိုင်ရန် ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ရုပ်ရှင်နှင့် ဂီတအနုပညာရှင်များ၏ ကျန်းမာရေးသတိပေးနှိုးဆော်ချက်များအား မြို့နယ်ရုံးရှေ့တွင် နံရံကပ်ဘုတ်ပြုလုပ်၍ ပြသဆောင်ရွက်ခြင်း၊ စာငှားစာဖတ် လာရောက်ကြသူများ ရုံးအတွင်းမဝင်မီ လက်ဆေးရန်ပြုလုပ်ထားရှိသည့်နေရာတွင် စနစ်တကျ လက်ဆေးရန် ပညာပေးခြင်း၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ကျေးရွာစေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ စာငှားစာဖတ်သူများအား ကိုယ်အပူချိန်တိုင်း ကိရိယာများဖြင့် ကျန်းမာရေးစစ်ဆေးပေးခြင်းလုပ်ငန်းများကို ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)

 

326

 

410