ပွင့်ဖြူ မေ ၆
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ပြည့်ဝစွာဖြန့်ဖြူးပေးနိုင်ရေးအတွက် မြို့နယ်အတွင်း ဓာတ်အားဖြန့်ဖြူးပေးနေသည့် ၃၃/၁၁ ကေဗွီ ၁၀ အမ်ဗွီအေ ထရန်စဖော်မာများ ကြံ့ခိုင်ကောင်းမွန်ရေး ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို မေ ၅ ရက်က ဆောင်ရွက်ခဲ့ကြောင်း မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးတင့်ဇော်ထံမှ သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းရုံးမှ ဒုတိုင်းအင်/ယာ ဦးအောင်ဇော်ငြိမ်း၊ မင်းဘူးခရိုင် လျှပ်စစ်အင်ဂျင်နီယာ ဦးကျော်ကျော်အောင် ၊ ပွင့်ဖြူမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးတင့်ဇော်နှင့် ဝန်ထမ်းများက နေပြည်တော်မှ လျှပ်စစ်စမ်းသပ်စစ်ဆေးရေးအဖွဲ့နှင့်အတူ ဓာတ်အားခွဲရုံအတွင်း လျှပ်စစ်ဓာတ်အားလိုင်းကြိုးများ ကြံ့ခိုင်ကောင်းမွန်ရေး စစ်ဆေးပြုပြင်ထိန်းသိမ်းခြင်း၊ ဗို့အားပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင်ရေး ၃၃/၁၁ ကေဗွီ ၁၀ အမ်ဗွီအေ ထရန်စဖော်မာ Tapping ချိန်ညှိခြင်းများ ဆောင်ရွက်ခြင်းနှင့် ဓာတ်အားခွဲရုံဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းများကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)