ပွင့်ဖြူ  အောက်တိုဘာ ၁၈

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စားသောက်ရေး အထောက်အကူပြုစေရန်အတွက် ရည်ရွယ်၍ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စလင်းတပ်နယ်မှ အခြေခံစားသောက်ကုန်နှင့် ဟင်းသီးဟင်းရွက်မျိုးစုံအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက် ၈ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးဝန်းရှေ့တွင် ပြုလုပ်ခဲ့သည်။ 

 

ထိုသို့ ရောင်းချပေးရာတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စလင်းတပ်နယ်မှ တပ်မတော်သားများက မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း စားသောက်ရေး အထောက်အကူပြုစေရန်အတွက် အခြေခံစားသောက်ကုန်များနှင့် ဟင်းသီးဟင်းရွက်မျိုးစုံတို့ကို သက်သာသောဈေးနှုန်းဖြင့် တတိယအကြိမ်မြောက် ရောင်းချပေးရာ ဆန်(၁)ပြည်လျှင် ငွေကျပ် ၁၈၀၀၊  ကြက်ဥတစ်လုံးလျှင် ငွေကျပ် ၁၈၀၊ ကြက်သွန်နီ တစ်ပိဿာလျှင် ငွေကျပ် ၃၆၀၀၊ ငှက်ပျောတစ်ဖီးလျှင် ငွေကျပ် ၇၀၀၊ ခြံထွက်သီးနှံ ဟင်းသီးဟင်းရွက် မျိုးစုံတို့ကို သက်သာသောဈေးနှုန်းဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ရောင်းချပေးခဲ့ကြောင်း သိရသည်။   

 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)