ပွင့်ဖြူ ၁၀ ဇူလိုင်

 

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီးကျေးရွာ၌ ယမန်နေ့ နံနက် ၉ နာရီက အခြေခံ ကျွဲနွားမွေးမြူရေး သင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

သင်တန်းဖွင့်ပွဲတွင် ပွင့်ဖြူမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာကေဇင်ဝင်းအောင် က သင်တန်းတွင် သင်ကြားပို့ချပေးမည့် သင်ခန်းစာများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။

 

သင်တန်းတွင်  သင်တန်းသား ၂၀ ဦးအား ဒုတိယဦးစီးမှူး ဒေါက်တာကေဇင်ဝင်းအောင်နှင့် ဝန်ထမ်းများက ဒေသနွားမျိုး များအကြောင်း သိကောင်းစရာများ၊ ကျွဲနွားတိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သော ကူးစက်ရောဂါများနှင့် ကာကွယ် ကုသနည်းစနစ်များ၊ မျိုးကောင်းမျိုးသန့်ရရှိရေး မေထုန်မဲ့ သားစပ်နည်းစနစ်များ၊ တိရစ္ဆာန်အစာဖူလုံရေး စားကျက်စိုက်ပျိုးရေးနည်းလမ်းများကို စာတွေ့လက်တွေ့ စနစ်တကျ သင်ကြားပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါသင်တန်းကို ဇူလိုင် ၉ ရက်မှ ၁၁ ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ရဲဝင်းနိုင်(ညောင်ဦး)