ပွင့်ဖြူ နိုဝင်ဘာ ၂၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ရှိ အခြေခံပညာကျောင်းများကို နိုဝင်ဘာ ၁ ရက်ကစပြီး ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ် ပညာသင်ကြားပေးလျက်ရှိရာ နိုဝင်ဘာ ၂၀ ရက် နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ၊ ရွာခိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ ဇီးတောကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲနှင့် လက်ပနွယ်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းခွဲတို့သို့ သွားရောက်ပြီး စာသင်ခန်းများအလိုက် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေးပြီး ကျောင်းအုပ်တာဝန်ခံများနှင့် ဆရာ၊ ဆရာမများအား တွေ့ဆုံကာ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားနိုင်ရေး ဆရာ ဆရာမအင်အား လိုအပ်ချက်များနှင့် ကျောင်းဝန်းကျင် လုံခြုံရေးကိစ္စရပ်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ပွင့်ဖြူမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း ၁၀ ကျောင်း၊ အထက်တန်းကျောင်းခွဲ ၁၇ ကျောင်း၊ အလယ်တန်းကျောင်း ငါးကျောင်း၊ အလယ်တန်းကျောင်းခွဲ ၁၀ ကျောင်း၊ မူလတန်းလွန်ကျောင်း ၁၂ ကျောင်း၊ မူလတန်းကျောင်း ၁၀၇ ကျောင်း၊ မူလတန်းကျောင်းခွဲ ငါးကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း သုံးကျောင်း စုစုပေါင်း ၁၆၉ ကျောင်းရှိပြီး တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသားဦးရေ မူလတန်း အဆင့် ကျောင်းသား ကျောင်းသူ ၈၁၅၈ ဦး၊ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ ၄၆၀၆ ဦး၊ အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူ ၁၅၁၃ ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၁၄၂၇၇ ဦး ရှိကြောင်း ပွင့်ဖြူမြို့နယ် ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးနွေဝင့်ကျော်၏ ပြောပြချက်အရ
ရဲဝင်းနိုင်(ညောင်ဦး)


