ပွင့်ဖြူ     ၁၈    မတ်        

           

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အသက်(၈၅) နှစ်အထက် အဘိုးအဘွား ၈၉၈ ဦးအား နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်၊ ဒုတိယပတ် (၃) လအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယနေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေး စာရေးဝန်ထမ်းများက အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။

 

အဆိုပါ လူမှုရေးပင်စင် ထောက်ပံ့ငွေများကို နိုင်ငံတော်မှ သက်ကြီးဘိုးဘွားများ သက်ရှည်ကျန်းမာစွာ နေထိုင်သွားနိုင်ရေးအတွက် ရည်ရွယ်ပြီး (၃) လ တစ်ကြိမ် ထောက်ပံ့ပေးလျက်ရှိရာ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်၊ ဒုတိယပတ် (ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်) လအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ပွင့်ဖြူမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများမှ အသက်( ၈၅) နှစ်အထက် အဘိုးအဘွား ၈၉၈ ဦး အား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၂၆၉၄၀၀၀၀ အား နယ်မြေအလိုက် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေး စာရေးဝန်ထမ်းများက အဘိုးအဘွားများထံ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးနေကြောင်း ပွင့်ဖြူမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင် ထံမှ သိရသည်။   

 

ရဲဝင်းနိုင် ( ညောင်ဦး )