ပွင့်ဖြူ အောက်တိုဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းများရှိ အသက် (၁၂)နှစ်အထက် ကျောင်းသား ကျောင်းသူများကို ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးထိုးစုရပ် (၇)နေရာ ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိပြီး ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ပညာရေးမှူး ဒေါ်သန်းသန်းအေး ထံမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား ကျောင်းသူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို အောက်တိုဘာ (၁၆)ရက်နေ့တွင် စတင်ထိုးနှံပေးသွားဖြစ်ကြောင်းနှင့် ပွင့်ဖြူမြို့နယ်တွင် ကာကွယ်ဆေးထိုးနှံရမည့် အသက်(၁၂)နှစ်အထက် ကျောင်းသားဦးရေမှာ အလယ်တန်းအဆင့်တွင် ကျောင်းသား ကျောင်းသူ ၃၈၆၁ ဦး၊ အထက်တန်းအဆင့်တွင် ၁၅၁၄ ဦး၊ စုစုပေါင်း ကျောင်းသား ကျောင်းသူ ၅၃၇၅ ဦးရှိကြောင်း သိရပြီး အောက်တိုဘာ(၁၆)ရက်နေ့တွင် ကာကွယ်ဆေး စတင်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင် ထံမှ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)