ပွင့်ဖြူ မတ် ၁၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အညာကျေးလက်ဒေသများတွင် ဆောင်းသီးနှံအဖြစ် စိုက်ပျိုးထားရှိသည့် ကုလားပဲစိုက်ခင်းများ လှိုင်လှိုင်ရိတ်သိမ်းခြွေလှေ့လျက်ရှိရာ ကုလားပဲရိတ် အငှားလိုက်သည့် နေ့စားအလုပ်သမားများ နေ့စဉ် ဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။
"ကုလားပဲသီးနှံ ရိတ်သိမ်းချိန်မှာ နေ့စားအလုပ်သမားတွေ တစ်ဧကကို ၁၀ ယောက်လောက် ငှားရမ်းပြီး ရိတ်သိမ်းရပါတယ်။ ငှားရမ်းခ နှုန်းထားက နေ့စားအလုပ်သမား တစ်ယောက်ကို ငွေကျပ် ၄၀၀၀ နှုန်း ပေးရပြီး တချို့ ကုလားပဲခင်းတွေက တစ်ဧကကို တင်း ၂၀ ခန့်၊ တချို့ကျ တစ်ဧကကို ၁၀ တင်း ထွက်ရှိပါတယ်။ ဒီနှစ် ကုလားပဲဈေးနှုန်းက ယခင်နှစ်ကထက် ဈေးကောင်းရရှိတော့ တောင်သူတွေလည်း အဆင်ပြေကြပါတယ်"ဟု ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာမှ ဒေသခံတောင်သူ ဦးစိန်ဌေးက ပြောပြသည်။
ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံကုလားပဲ စိုက်ပျိုးခြင်းကို တစ်မြို့နယ်လုံး ၂၁၈၄၃ ဧက လျာထားစိုက်ပျိုးဆောင်ရွက်ခဲ့ရာ ယနေ့အထိ ၅၂၀၅၁ ဧက စိုက်ပျိုးပြီးစီးခဲ့ပြီး သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)