ပွင့်ဖြူ ၁၇ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များ မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိနှင့် မီးဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများ စီစဉ်ဆောင်ရွက်ထားမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို နိုဝင်ဘာ ၁၇ ရက် ၊ နံနက် ၁၀ နာရီခွဲ က မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်သီဟနှင့် မီးသတ် တပ်ဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်သီဟနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ပွင့်ဖြူမြို့နယ် ပွင့်ဖြူ - စလင်းသွားကားလမ်းဘေးတွင် ရောင်းချနေသော ရာစုသိန်း စက်သုံးဆီ အရောင်းဆိုင်သို့ သွားရောက်ပြီး စက်သုံးဆီများ ရောင်းချရာ၌ မီးဘေးလုံခြုံစိတ်ချရမှု ရှိ/ မရှိ ၊ ဆီသိုလှောင်ကန်များ မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားခြင်း ရှိ/မရှိ ၊ မီးဘေးအန္တရာယ် ကြုံတွေ့ပါက ရေရယူသုံးစွဲနိုင်ရေး ရေလှောင်ကန်များတွင် ရေဖြည့်တင်း ထားမှု ရှိ/မရှိ ၊ မီးသတ် ဆေးဗူးများ အရည်အသွေး ပြည့်မီမှု ရှိ/မရှိ တို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးအတွက် စက်သုံးဆီများရောင်းချရာတွင် စနစ်တကျ ကိုင်တွယ်ရောင်းချရန်နှင့် မီးဘေးကြိုတင် ကာကွယ်ရေးနှင့် ပတ်သက်ပြီး လိုက်နာရမည့် ဆောင်ရန်ရှောင်ရန်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )


