ပွင့်ဖြူမြို့နယ်၌ e - ID စနစ်ဖြင့် နိုင် - ၄ မှတ်တမ်းများ စိစစ်ဖြည့်သွင်းခြင်းနှင့် လူဦးရေစာရင်း တိုက်ဆိုင် စစ်ဆေးခြင်းလုပ်ငန်းများ အချိန်မီပြီးစီးရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ

ပွင့်ဖြူ     မေ     ၁၆

           

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းမှတ်တမ်းပုံစံ (နိုင် - ၄) မှတ်တမ်းအချက်အလက်များကို e - ID စနစ်ဖြင့် ဆော့ဖ်ဝဲအတွင်း ထည့်သွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မေ ၁၆ ရက် နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်မြတ်ခိုင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းများ အချိန်မီပြီးစီးရေး ကြိုးပမ်းဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားကာ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

           

အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းမှတ်တမ်းပုံစံ (နိုင် - ၄) မှတ်တမ်းအချက်အလက်များကို e - ID စနစ်ဖြင့် ဆော့ဖ်ဝဲအတွင်း ထည့်သွင်းခြင်းလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ ဝန်ထမ်းများ ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း များနှင့် အခြားဌာနဆိုင်ရာရုံးများမှ ကွန်ပျူတာကျွမ်းကျင် ဝန်ထမ်းများ စုပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ၊ လုပ်ငန်းဆောင်ရွက်ရာတွင် အချက်အလက်များ မှန်ကန်ပြည့်စုံစေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်း ၊ မှတ်ပုံတင်စာအုပ် နိုင် - ၄ ပါ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်နှင့် အချက်အလက်များ တိကျမှန်ကန်မှု ရှိစေရန် e - ID စနစ်ဖြင့် ဆာဗာအတွင်း သိမ်းဆည်းခြင်းလုပ်ငန်းများ၊ e - ID ဆော့ဖ်ဝဲအသုံးပြု၍ စိစစ်ပြင်ဆင်ခြင်း ၊ မြေပြင်လူဦးရေ စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးကာ စာရင်းရေးသွင်းခြင်းများကို ဆောင်ရွက်ခြင်းဖြစ်ပြီး ရက်ပေါင်း(၄၀)အတွင်း အပြီးဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူး ထံမှ သိရသည်။

           

ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်  တာဝန်ရှိသူများက e - ID စနစ် Excel Format ဖြင့် နိုင် - ၄ မှတ်တမ်း စိစစ်ဖြည့်သွင်းခြင်းနှင့် လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးရာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှူး ဦးညွန့်ဝင်းထူး က လုပ်ငန်းဆောင်ရွက် ပြီးစီးမှုအခြေအနေနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစရေးအတွက် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် တာဝန်ရှိသူများက အချက်အလက်များ ပြည့်စုံမှန်ကန်စေရန်နှင့် စာရင်းရေးသွင်းခြင်းများ အမှားအယွင်းမရှိစေရေး အလေးထား ဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့သည်။                                                                                                                     

                                                                                                                            

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )