ပွင့်ဖြူ  ၉ ဇန်နဝါရီ 

    

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အရှေ့လေးအိမ်ကျေးရွာအုပ်စု ၊ မြင်းခြံစုကျေးရွာနှင့် နန်းတော်ကျွန်းကျေးရွာ အုပ်စု ၊ ထူးကျေးရွာတို့တွင် ယနေ့နံနက် ၁၀ နာရီက ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် လူနေအိမ် အလုံး ၂၀ ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ခဲ့ရကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

 

520

 

အဆိုပါ ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် ပွင့်ဖြူမြို့နယ် အရှေ့လေးအိမ်ကျေးရွာအုပ်စု ၊ မြင်းခြံစုကျေးရွာတွင် လူနေအိမ် ၁၂ လုံး ၊ နန်းတော်ကျွန်းကျေးရွာအုပ်စု ၊ ထူးကျေးရွာတွင် လူနေအိမ် ၈ လုံး ၊ စုစုပေါင်း လူနေအိမ် အလုံး ၂၀  ပြောင်းရွှေ့ရကြောင်း သိရသည်။

 

412

 

ယနေ့နံနက်ပိုင်းက ဒေသခံပြည်သူများ အန္တရာယ်ကင်းဝေးစေရေးအတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော်၏ ဦးဆောင်မှုဖြင့် ကျေးရွာနေ ပြည်သူများက ဝိုင်းဝန်းပူးပေါင်း၍ ပြောင်းရွှေ့ရသည့် လူနေအိမ်များနှင့် ကျွဲနွားတိရစ္ဆာန်များကို ဘေးလွတ်ရာသို့ ကူညီပြောင်းရွှေ့ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် မြစ်ကမ်းပါးပြိုကျမှုကြောင့် အခြား လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။

 

74

 

ရဲဝင်းနိုင် (ညောင်ဦး)