ပွင့်ဖြူ၊   ၂၆   ဇန်နဝါရီ

 

မကွေးတိုင်းဒေသကြီး  ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးဝယ်ယူနိုင်ရေးအတွက် ရန်ပုံငွေရရှိရေး ညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၂၅ ရက် မွန်းလွဲပိုင်းက ပွင့်ဖြူမြို့ သမ္မာဆန္ဒ ကရုဏာရှင်များ နာမှုကူညီရေးအသင်းရုံး၌ ပြုလုပ်ခဲ့သည်။

 

ထို့နောက် တက်ရောက်လာသူများက ကော်မတီအဖွဲ့ထံ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးများ ဝယ်ယူနိုင်ရေးအတွက် အလှူငွေ ၁၄ သိန်းအား မတည်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

 

ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ရပ်ဝေးရပ်နီးမှ စေတနာရှင်ပြည်သူများအနေဖြင့် မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်နှင့် ကာကွယ်ဆေးများ ထိုးနှံနိုင်ရေးအတွက် အလှူငွေများထည့်ဝင် လှူဒါန်းလိုပါက မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ရန်ပုံငွေလှူဒါန်းရေး ကော်မတီမှ ဘဏ္ဍာရေးမှူး ဦးအောင်မျိုးဆက် ဖုန်း - ဝ၉၄၀၁၅၇၂၁၅၂ သို့  ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

 

ရဲဝင်းနိုင်(ပြန်/ဆက်)